Sarah Kim ဆိုတဲ့ အမျိုးသမီးကို ကမ္ဘာကျော် ဇိမ်ခံပစ္စည်း ကုန်တံဆိပ်ရဲ့ ကိုယ်စားလှယ်ကြီးလို့ လူအများက သိထားကြပြီး နာမည်ပြောလိုက်ရုံနဲ့ မသိသူမရှိသလောက်ဖြစ်ပေမဲ့လည်း သူမရဲ့ ရုပ်သွင်ပြင်ကိုတော့ ဘယ်သူမှ မမြင်ဖူးကြပါဘူး။ တစ်နေ့မှာ ထူးဆန်းတဲ့ လူသတ်မှုတစ်ခုရဲ့ နစ်နာသူဟာ Sarah ဖြစ်နေပြီး စုံထောက်မူဂယောင်းဟာ အမှုကို စုံစမ်းဖော်ထုတ်ရင်း Sarah ဆိုတဲ့ ဖြစ်တည်မှုက အလိမ်အညာတွေနဲ့ တည်ဆောက်ထားကြောင်း တစ်စထက်တစ်စ သိလာရတဲ့အပြင် နောက်ဆုံးမှာ လူသတ်မှုနစ်နာသူဟာ Sarah မှ ဟုတ်ရဲ့လားဆိုပြီး မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတော့တယ်။
Sarah ဆိုတဲ့ ဖြစ်တည်မှုဟာ ဘာလဲ… လူသတ်မှုရဲ့ နစ်နာသူကရော တခြားအမျိုးသမီးဖြစ်နေမလား…. စတဲ့ ပဟေဠိဆန်တဲ့မေးခွန်းတွေကို ပရိသတ်ကြီးပါ ကိုယ်တိုင်စီးမျောရင်း အဖြေရှာကြရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်တာမို့ ကြည့်ရှုခံစားလိုက်ရအောင် ပရိသတ်ကြီးတို့ရေ။